Advanced SystemCare Pro 15 Free Download
Published on: April 1, 2022
Advanced SystemCare Pro 15

Advanced SystemCare Pro 15 သည် ရှေ့မှာ တင်ပေးခဲ့ဘူးသည့် CCleaner Pro Software နည်းတူ System Utilities အုပ်စုဝင် ဆော့ဝဲလ်အမျိုးအစားဖြစ်ပါသည်။ ကွန်ပျူတာအသုံးပြုသူများအနေဖြင့် မိမိကွန်ပျူတာရှိ ဆော့ဝဲလ်တစ်ခုခုကို ဖွင့်သုံးလိုက်ပြီးသည်နှင့် နောက်ကွယ်တွင် မလိုအပ်သော Junk files များ၊ Temporary Files များ၊ Shortcut Files များ၊ Cache Files များ ကျန်နေခဲ့ပါသည်။ ကွန်ပျူတာအား သုံးတာများလာသည်နှင့်အမျှ အဆိုပါ မလိုအပ်သော Files များက နေရာယူနေ၍ ကိုယ့်ကွန်ပျူတာ အသုံးပြုရတာလေးလာနိုင်ပါသည်။ System Utilities အုပ်စုဝင်ဆော့ဝဲလ်များက Junk, Temporary, Shortcut, cache files နှင့် Registry error များ ရှင်းလင်းပေးနိုင်ခြင်း၊ မလိုအပ်ပဲ Run နေသော services များကို ပိတ်ပေးနိုင်ခြင်း၊ မလိုအပ်သော Startup Program များကို ပိတ်ပေးနိုင်ခြင်း၊ Hard Disk အား Optimize ပြုလုပ်ပေးနိုင်ခြင်း၊ Drivers နှင့် Applications များကို Update ပြုလုပ်ပေးနိုင်ခြင်း စသည်ဖြင့် Computer အား စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်သော Application များ ဖြစ်၍ ကွန်ပျူတာ အသုံးပြုသူတိုင်း System Utilities Software များကို အသုံးပြု၍ ပုံမှန် ရှင်းလင်းပေးရန်လိုအပ်ပါသည်။

IOBit မှ Develop ပြုလုပ်သော Advanced SystemCare Pro 15 အား အသုံးပြုရန် AI Mode နှင့် Manual Mode နှစ်မျိုးပါရှိပြီး၊ အမြန်ပြုလုပ်လိုသူများအနေဖြင့် AI Mode ဖြင့် Scan ပြုလုပ်နိုင်ပါသည်။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ရှင်းလင်းလိုသူများအနေဖြင့် Manual Mode ကို ပြောင်း၍ ကိုယ် ရှင်းလင်းချင်သည်များကို ရွေးချယ် Scan ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Performance Monitor ပြုလုပ်ပေးနေသည့် Floating Widget ပါရှိသဖြင့် မိမိကွန်ပျူတာ၏ System Recourse များအား ဘယ်လောက်အသုံးပြုနေသလဲ၊ ဘယ် Application တွေက အများဆုံး အသုံးပြုနေသလဲဆိုတာပါ အချိန်နှင့် တပြေးညီကြည့်ရှုစစ်ဆေးနိုင်၍ မလိုအပ်ပဲ အသုံးများနေသည်များကို လျော့ချပေးနိုင်မည်ဖြစ်သည်။

Technical Setup Details

  • Software Full Name: Advanced SystemCare 15 Pro
  • Setup File Name: Advanced_SystemCare_Pro_15.2.0.201_Multilingual.rar
  • Full Setup Size: 53 MB
  • Setup Type: Offline Installer / Full Standalone Setup
  • Compatibility Architecture: 32 Bit (x86) / 64 Bit (x64)
  • Latest Version Release Added On: 24th Feb 2022
  • Developers: IOBit Homepage

System Requirements

Software အား Download မပြုလုပ်မီ အောက်ပါ System Requirements များနှင့် ကိုက်ညီမှုရှိမရှိဦးစွာ စစ်ဆေးပါ။

  • Operating System: Windows 7/8/8.1/10.
  • Memory (RAM): 512 MB of RAM required.
  • Hard Disk Space: 100 MB of free space required.
  • Processor: Intel Dual Core processor or later.
Advanced SystemCare Pro 15

0 Comments

Related Posts

CyberLink PowerDirector Ultimate 2024

CyberLink PowerDirector Ultimate 2024

CyberLink PowerDirector ဆော့ဝဲလ်ကို အသုံးပြုပြီး မိမိတို့ ရိုက်ကူးထားသော ဗွီဒီယို Clip များအား တည်းဖြတ်ခြင်း၊  ဓာတ်ပုံများကို ဗွီဒီယို အဖြစ်ပြောင်းလဲခြင်း၊ စာတမ်းထိုးခြင်း၊ Effect များထည့်သွင်းခြင်း၊ Transition များ ထည့်သွင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။...

IDM 6.41 Free Download

IDM 6.41 Free Download

IDM သည် အင်တာနက်မှ Multimedia Files များကို Download လုပ်ရန် အသုံးပြုနိုင်သော Application တစ်ခု ဖြစ်သည်။ မိမိ၏ Computer System မှာ Install ထည့်သွင်းလိုက်သည်နှင့် Video Type အမျိုးမျိုး, Audio Type အမျိုးမျိုး, PDF File များ, Software များ, Rar ဖိုင်များ, Zip ဖိုင်များ...

Camtasia 2023 Download ရယူပါ

Camtasia 2023 Download ရယူပါ

TechSmith Camtasia 2023 သည် သင်၏ Desktop Screen မြင်ကွင်းအားလုံး (သို့) မိမိရယူလိုသော မြင်ကွင်းအစိတ်အပိုင်းအား Video Record ပြုလုပ်ခြင်း၊ ရရှိလာသော Video Record အား ပြန်လည်တည်းဖြတ်ခြင်းများပြုလုပ်နိုင်သော 2 in 1 Software ဖြစ်ပါသည်။ Camtasia 2023 Recorder ဖြင့် Record...

Share This