Advanced SystemCare Pro 15 Free Download
Published on: April 1, 2022
Advanced SystemCare Pro 15

Advanced SystemCare Pro 15 သည် ရှေ့မှာ တင်ပေးခဲ့ဘူးသည့် CCleaner Pro Software နည်းတူ System Utilities အုပ်စုဝင် ဆော့ဝဲလ်အမျိုးအစားဖြစ်ပါသည်။ ကွန်ပျူတာအသုံးပြုသူများအနေဖြင့် မိမိကွန်ပျူတာရှိ ဆော့ဝဲလ်တစ်ခုခုကို ဖွင့်သုံးလိုက်ပြီးသည်နှင့် နောက်ကွယ်တွင် မလိုအပ်သော Junk files များ၊ Temporary Files များ၊ Shortcut Files များ၊ Cache Files များ ကျန်နေခဲ့ပါသည်။ ကွန်ပျူတာအား သုံးတာများလာသည်နှင့်အမျှ အဆိုပါ မလိုအပ်သော Files များက နေရာယူနေ၍ ကိုယ့်ကွန်ပျူတာ အသုံးပြုရတာလေးလာနိုင်ပါသည်။ System Utilities အုပ်စုဝင်ဆော့ဝဲလ်များက Junk, Temporary, Shortcut, cache files နှင့် Registry error များ ရှင်းလင်းပေးနိုင်ခြင်း၊ မလိုအပ်ပဲ Run နေသော services များကို ပိတ်ပေးနိုင်ခြင်း၊ မလိုအပ်သော Startup Program များကို ပိတ်ပေးနိုင်ခြင်း၊ Hard Disk အား Optimize ပြုလုပ်ပေးနိုင်ခြင်း၊ Drivers နှင့် Applications များကို Update ပြုလုပ်ပေးနိုင်ခြင်း စသည်ဖြင့် Computer အား စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်သော Application များ ဖြစ်၍ ကွန်ပျူတာ အသုံးပြုသူတိုင်း System Utilities Software များကို အသုံးပြု၍ ပုံမှန် ရှင်းလင်းပေးရန်လိုအပ်ပါသည်။

IOBit မှ Develop ပြုလုပ်သော Advanced SystemCare Pro 15 အား အသုံးပြုရန် AI Mode နှင့် Manual Mode နှစ်မျိုးပါရှိပြီး၊ အမြန်ပြုလုပ်လိုသူများအနေဖြင့် AI Mode ဖြင့် Scan ပြုလုပ်နိုင်ပါသည်။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ရှင်းလင်းလိုသူများအနေဖြင့် Manual Mode ကို ပြောင်း၍ ကိုယ် ရှင်းလင်းချင်သည်များကို ရွေးချယ် Scan ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Performance Monitor ပြုလုပ်ပေးနေသည့် Floating Widget ပါရှိသဖြင့် မိမိကွန်ပျူတာ၏ System Recourse များအား ဘယ်လောက်အသုံးပြုနေသလဲ၊ ဘယ် Application တွေက အများဆုံး အသုံးပြုနေသလဲဆိုတာပါ အချိန်နှင့် တပြေးညီကြည့်ရှုစစ်ဆေးနိုင်၍ မလိုအပ်ပဲ အသုံးများနေသည်များကို လျော့ချပေးနိုင်မည်ဖြစ်သည်။

Technical Setup Details

  • Software Full Name: Advanced SystemCare 15 Pro
  • Setup File Name: Advanced_SystemCare_Pro_15.2.0.201_Multilingual.rar
  • Full Setup Size: 53 MB
  • Setup Type: Offline Installer / Full Standalone Setup
  • Compatibility Architecture: 32 Bit (x86) / 64 Bit (x64)
  • Latest Version Release Added On: 24th Feb 2022
  • Developers: IOBit Homepage

System Requirements

Software အား Download မပြုလုပ်မီ အောက်ပါ System Requirements များနှင့် ကိုက်ညီမှုရှိမရှိဦးစွာ စစ်ဆေးပါ။

  • Operating System: Windows 7/8/8.1/10.
  • Memory (RAM): 512 MB of RAM required.
  • Hard Disk Space: 100 MB of free space required.
  • Processor: Intel Dual Core processor or later.
Advanced SystemCare Pro 15

0 Comments

Related Posts

Microsoft Office 2021 Pro Plus Download ရယူပါ

Microsoft Office 2021 Pro Plus Download ရယူပါ

Microsoft Office 2021 Pro Plus သည် ရုံးလုပ်ငန်းများအတွက် မရှိမဖြစ် အသုံးဝင်သော Software ဖြစ်ပြီး နယ်ပယ်မျိုးစုံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိပါသည်။ ယခု Version သည် Microsoft ၏ နောက်ဆုံးထွက် Version တစ်ခုဖြစ်ပြီး Setup Package တွင် Word, Excel, Power Point,...

Adobe Photoshop 2023 ကို Download ရယူပါ

Adobe Photoshop 2023 ကို Download ရယူပါ

Adobe Photoshop 2023 ကို အခမဲ့ Download ရယူနိုင်ပါသည်။ ဒီဆော့ဝဲလ်ဟာ Graphic Design ပြုလုပ်ရသူများအတွက် မရှိမဖြစ် အသုံးဝင်သော ဆော့ဝဲလ်ဖြစ်ပါသည်။ Adobe Photoshop 2023 ကို အသုံးပြု၍ စာလုံးဒီဇိုင်း အလှဆင်ခြင်း၊ ဓာတ်ပုံဟောင်းများပြုပြင်ခြင်း၊ Passport ပုံများ ဖန်တီးခြင်း၊...

How to Install Google Analytics on WordPress Site

How to Install Google Analytics on WordPress Site

ဒီတစ်ခါတော့ WordPress Website မှာ Google Analytics Service ကို ထည့်သွင်းနည်းကို လေ့လာကြရမှာဖြစ်ပါတယ်။ Google Analytics Service ကို ထည့်သွင်းထားခြင်းအားဖြင့် Website သို့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် လာလည်တဲ့သူအရေအတွက်များကို ကြည့်ရှုနိုင်ခြင်း၊ မည်သည့်နိုင်ငံတွေကနေ...

Share This