Adobe Photoshop 2023 v24.5 with AI ကို Download ရယူပါ
Published on: January 8, 2026

Adobe Photoshop 2023 v24.5 ကို အခမဲ့ Download ရယူနိုင်ပါသည်။ ဒီဆော့ဝဲလ်ဟာ Graphic Design ပြုလုပ်ရသူများအတွက် မရှိမဖြစ် အသုံးဝင်သော ဆော့ဝဲလ်ဖြစ်ပါသည်။ Generative Fill AI feature ပါလာသောကြောင့်လည်း Graphic Designer များအကြား ရေပန်းစား လူကြိုက်များသော ဆော့ဝဲလ်ဖြစ်လာပါတယ်။

Adobe Photoshop 2023 ကို May 23, 2023 က Release လုပ်ခဲ့ပြီး၊ ယခင်က မဖြစ်နိုင်ဘူးလို့ ထင်ရသော နည်းပညာများကို တင်ဆက်နိုင်သည့်အတွက် အလွန် လူကြိုက်များနေပါသည်။ Adobe Firefly နှင့် AI နည်းပညာကို အသုံးပြုထားသည့်အတွက် Adobe Photoshop 2023 သည် ဓာတ်ပုံတည်းဖြတ်ချစ်သူများအတွက် ရေပန်းစားတဲ့ App တစ်ခု ဖြစ်လာနေပါသည်။

Adobe Photoshop 2023 နှင့် Generative Image နည်းပညာကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဓာတ်ပုံ သို့မဟုတ် အရာဝတ္ထုကို ရွေးချယ်ပြီး Command အမိန့်ထည့်သွင်းလိုက်တာနဲ့ အလွန်ကောင်းမွန်သော အဆင့်မြင့် ဓာတ်ပုံတည်းဖြတ်ရလဒ်များကို ရရှိနိုင်ပါသည်။ ဤ Generative Image နည်းပညာကို အသုံးပြုလိုပါက Adobe Firefly ကိုလည်း ထည့်သွင်းထားရန် လိုအပ်ပါသည်။

AI နည်းပညာအဆင့်မြင့်ကို အသုံးပြုထားသည့် Generative Fill အပြင် အခြားတိုးတက်မှုများလည်း ပါဝင်ပါသည်။ ဥပမာ–

  • Adjustment Presets ဖြင့် ဓာတ်ပုံကို ဆွဲဆောင်မှု ရှိအောင် လုပ်ဆောင်နိုင်ခြင်း
  • Remove Tool ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း
  • Contextual Tasks ဖြင့် ပိုမိုလွယ်ကူစွာ တည်းဖြတ်နိုင်ခြင်း
  • Gradient ကို ပိုမိုကောင်းမွန်စွာ တိုးတက်စွာ အသုံးပြုနိုင်ခြင်း

Adobe Photoshop 2023 နှင့် Generative Fill ကို အသုံးပြုခြင်းဖြင့် ပုံမှန်လူများတောင် ဓာတ်ပုံတည်းဖြတ်ခြင်း၊ ပုံဖျော်ဖြေခြင်းကို အလွယ်တကူ လုပ်နိုင်ပါသည်။ သို့သော် အချို့အခြေအနေများတွင် ယခင်တည်းဖြတ်နည်းများကို အသုံးပြု၍ ထပ်တိုးတည်းဖြတ်ရန် လိုအပ်နိုင်ပါသည်။

Adobe Photoshop ကို

  • စာလုံးဒီဇိုင်း အလှဆင်ခြင်း၊
  • ဓာတ်ပုံဟောင်းများပြုပြင်ခြင်း၊
  • Passport ပုံများ ဖန်တီးခြင်း၊
  • ဗွီနိုင်း၊ ပိုစတာများဖန်တီးခြင်း၊
  • Pamphlet များ ဖန်တီးခြင်း
  • အလှဓာတ်ပုံများ ဖန်တီးပုံဖော်ခြင်း၊
  • မိတ်ကပ်အလှပြုပြင်ဖန်တီးခြင်း၊
  • Victor Design များ ဖန်တီးခြင်း၊
  • 3D Design များ ဖန်တီးခြင်း၊
  • Business Card များ ဖန်တီးခြင်း၊
  • Logo Design များ ဖန်တီးခြင်း၊
  • Newsletter များ ဖန်တီးခြင်း၊
  • စားသောက်ဆိုင် မီနူးဒီဇိုင်းများ ဖန်တီးပြုလုပ်ခြင်၊
  • ကုန်ပစ္စည်း Packing ဒီဇိုင်းများ ဖန်တီးခြင်း…….

စသည်ဖြင့် Graphic Design လုပ်ငန်းများအတွက် များစွာ အသုံးပြုနိုင်သလို ယခုအခါ AI ဖြင့်ပါ တွဲဖက် အသုံးပြုလာနိုင်တာဖြစ်၍ အချိန်ကုန်ပိုသက်သာပြီး ယခင်လောက် အားစိုက်ထုတ်ရမှု လုပ်ဆောင်စရာ မလိုအပ်ပဲ Quality Image Design များကို ရရှိနိုင်ပြီဖြစ်ပါသည်။

အဆင့်မြင့် အထောက်အကူပြု လုပ်ဆောင်ချက်များစွာ ပါဝင်သော်လည်း Adobe Photoshop 2023 ကို သုံးစွဲရန် အဆင်ပြေစွာ လည်ပတ်နိုင်မည့် ကွန်ပျူတာ specifications များ လိုအပ်ပါသည်။ ထို့ကြောင့် အကောင်းဆုံး အသုံးပြုနိုင်ရန် အတွက် System requirements များကို အသေးစိတ် စိစစ်သင့်ပါသည်။

Photoshop 2023 24.5 Technical Setup Details

  • Setup File Name: APhotoshop2023x64v24.5_withGenerativeFillAI.rar
  • Full Setup Size: 2.84 GB (compress)
  • Setup Type: Offline Installer / Full Standalone Setup
  • Compatibility Architecture: 64 Bit (x64)
  • Latest Version Release Added On:  23 May 2023
  • Developers: Adobe Photoshop

System Requirement for Photoshop 2023

Download မပြုလုပ်ခင် မိမိကွန်ပျူတာ System နှင့် ကိုက်ညီမှုရှိမရှိ အောက်ပါ Minimum system requirements များနှင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။

  • OS: Windows 10/11 or later.
    Processor: Intel/AMD 2Ghz or faster with 64 Bit support.
    RAM: Minimum 8GB or more.
    Graphics Card: A minimum of 1.5 GPU memory or more would be better.
    Space: Minimum 20GB.

Recommended

  • Processor: Intel Core i7 သို့မဟုတ် AMD Ryzen 7
  • Operating System: Windows 11 (v24H2, v23H2) သို့မဟုတ် Windows 10 (v22H2, v21H2)
  • RAM: 16 GB or Above
  • Graphics Card: DirectX 12 support, 4 GB GPU memory (4K display အတွက်)
  • Storage: Photoshop installation အတွက် 4 GB space + more storage

အောက်ပါ Download Now button ကို နှိပ်၍ Photoshop 2023 ကို Free Download ရယူပါ။ ယခု Adobe Photoshop 2023 v24.5သည် 64bit Windows OS များအတွက် Offline Installer တစ်ခုဖြစ်ပါသည်။ သတိထားရန် – “Adobe Photoshop 2023 v24.5 ကို AI နှင့် တွဲဖက်အသုံးပြုရန် Adobe Firefly လိုအပ်ပါသည်။ Adobe FireFly ကို ဒီမှာ Download လုပ်ပါ။ နှစ်ခုစလုံး Download လုပ်ပြီးလျှင် Photoshop ကို အရင် Install လုပ်ပြီး FireFly ကို နောက်မှ Install လုပ်ဆောင်ပါ။”

Photoshop

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

Related Posts

Windows 11 Pro 24H2 Free Download

Windows 11 Pro 24H2 Free Download

Windows 11 Pro 24H2 သည် Microsoft ၏ Windows Operating System များ၏ Latest Version ဖြစ်သည်။ Microsoft သည် 2021 ခုနှစ် ဇွန်လ 24 ရက်နေ့တွင် Windows-11 ကို Windows 10 ၏ ဆက်ခံသူအဖြစ် ကြေငြာခဲ့သည်။ ၎င်းကို အောက်တိုဘာလ ၅ ရက် ၂၀၂၁ ခုနှစ်တွင် တရားဝင်ထုတ်ဝေခဲ့ပြီး...

SketchUP Pro 2024 Free Download

SketchUP Pro 2024 Free Download

SketchUp Pro 2024 ကို အသုံးပြု၍ 3D အဆောက်အဦးပုံများအား အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ရေးဆွဲထုတ်လုပ်နိုင်၍ Engineer များ အဆောက်အဦးဒီဇိုင်းများ ရေးဆွဲရာတွင် အသုံးများပါသည်။ 2012 ခုနှစ်တွင် Google သည် SketchUp ကို Califonia, US အခြေစိုက် Trimble Inc သို့ ရောင်းချခဲ့သည်။...

Windows 11 23H2 16 in 1 64bit Free Download

Windows 11 23H2 16 in 1 64bit Free Download

Windows 11 23H2 သည် Microsoft ၏ Windows Operating System များ၏ Latest Version ဖြစ်သည်။ Microsoft သည် 2021 ခုနှစ် ဇွန်လ 24 ရက်နေ့တွင် Windows-11 ကို Windows 10 ၏ ဆက်ခံသူအဖြစ် ကြေငြာခဲ့သည်။ ၎င်းကို အောက်တိုဘာလ ၅ ရက် ၂၀၂၁ ခုနှစ်တွင် တရားဝင်ထုတ်ဝေခဲ့ပြီး...

Subscribe To Our Newsletter

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!

Share This