How to use and configure Webmail (for Beginner)
Published on: August 29, 2021
webmail

Introduction to Webmail

Webmail သည် Website ပြုလုပ်ရန်အတွက် Web Hosting ဝယ်ယူခြင်းမှ ရရှိထားသော cPanel ရှိ Feature များထဲမှ တစ်ခုဖြစ်ပါသည်။ Web Hosting ဝယ်ယူထားသူများအနေဖြင့် ၎င်းတို့ဝယ်ယူထားသော Hosting Plan များအပေါ်မူတည်၍ အကောင့်အရေအတွက်ကို ရရှိကြပြီး ထို Web mail အသုံးပြုခြင်းအတွက် Extra Charges ပေးဆောင်ရန် မလိုအပ်ပါ။ Web mail အတွက် အသုံးများသော Web Client App များမှာ Roundcube, Horde နှင့် Mozilla Thunderbird တို့ဖြစ်ပါသည်။ Website ၏ cPanel Administrator မှ  Account ပြုလုပ်ခြင်း၊ Storage limit သတ်မှတ်ခြင်း၊ Password ချိန်းခြင်း၊ Login ပြုလုပ်ခွင့်နှင့် Email အဝင်အထွက်များကို ရပ်ဆိုင်းခြင်း (Suspend) နှင့် မလိုအပ်တော့သော (အလုပ်ရပ်နားသွားသော) ဝန်ထမ်းများ၏ Account များကို အပြီးတိုင်ဖျက်သိမ်းခြင်း (Permanently delete) များကို ပြုလုပ်နိုင်ပါသည်။

Login ပြုလုပ်ရန်

Login ပြုလုပ်ရန် မိမိအသုံးပြုသော Browser ၏ Address Bar တွင် မိမိ၏ Website လိပ်စာ (Domain name) ၏ နောက်တွင် /webmail ဥပမာ-https://powertechmm/webmail ဟု ရိုက်၍ သွားရပါမည်။

webmail

Webmail login

အထက်ပါအတိုင်း Email address နှင့် Password ရိုက်ရန် ကျလာလျှင် မိမိ၏ အကောင့် အပြည့်အစုံနှင့် Password မှန်အောင် ရိုက်၍ Log in ကိုနှိပ်ပါ။ Email Client App ကိုရွေးချယ်ရန်  တွေ့ရပါမည်။ Horde or Roundcube ကြိုက်နှက်သက်ရာ တစ်ခုကိုရွေး၍ နောက်တစ်ကြိမ် မမေးစေရန် Open my inbox when I log in  ဘေးမှ  Check box အား အမှန်ချက်ပေးပြီး Open ကို နှိပ်ပေးပါ။  Web mail အသုံးပြုသူများအနေဖြင့် Roundcube ကို ပို၍   အသုံးပြု ကြလေ့ရှိသည်။ ကျွန်ုပ်၏ ရှင်းလင်းချက်တွင်လည်း Roundcube ကို အသုံးပြုသွားမည် ဖြစ်ပါသည်။

webmail

To choose client

မှန်ချက်             ။ cPanel Administrator မှ  Default Web mail Client အား ရွေးချယ်ပေးထားပြီးပါက အထက်ပါ Web mail client ရွေးခြင်းခြင်းအဆင့်ကို Web mail အသုံးပြုသူ User များအနေဖြင့် ပြုလုပ်ရန်မလိုအပ်ပါ။

Web mail Menu များအားလေ့လာခြင်း (for Roundcube)

Open ကို နှိပ်ပြီး နောက်တစ်ဆင့်တွင် Web mail interface (Inbox) ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ Roundcube Mail Box သည် Microsoft Outlook Mail Box နှင့် တော်တော်များများဆင်တူ၍ Outlook အသုံးပြုဖူးသူများအတွက် သီးသန့်လေ့လာ ဖို့ရန် မလိုအပ်ပဲ အလွယ်တကူ အသုံးပြုနိုင်ကြမည်ဖြစ်ပါသည်။ Web mail Interface မှ ဘယ်ဘက်ရှိ Menu များမှာ

  1. Compose
  2. Mail
  3. Contacts
  4. Calendar
  5. Settings
  6. Webmail Home
  7. About
  8. Logout

ဆက်လက်လေ့လာရန် Ebook အား အောက်တွင် Download ရယူပါ။ 🙂

0 Comments

Related Posts

Adobe Firefly ကို Free Download ရယူပါ

Adobe Firefly ကို Free Download ရယူပါ

Adobe Firefly အကျဉ်းချုပ် Adobe Firefly ဆိုတာ Adobe က ဖန်တီးထားတဲ့ AI နည်းပညာ extension တစ်ခုဖြစ်ပြီး Photoshop ထဲမှာ အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံတည်းဖြတ်ခြင်းကို အလွယ်တကူ၊ လျှင်မြန် အဆင်ပြေစွာ လုပ်နိုင်အောင် ကူညီပေးပါတယ်။ Photoshop tool တွေကို...

Adobe Photoshop 2023 v24.5 with AI ကို Download ရယူပါ

Adobe Photoshop 2023 v24.5 with AI ကို Download ရယူပါ

Adobe Photoshop 2023 v24.5 ကို အခမဲ့ Download ရယူနိုင်ပါသည်။ ဒီဆော့ဝဲလ်ဟာ Graphic Design ပြုလုပ်ရသူများအတွက် မရှိမဖြစ် အသုံးဝင်သော ဆော့ဝဲလ်ဖြစ်ပါသည်။ Generative Fill AI feature ပါလာသောကြောင့်လည်း Graphic Designer များအကြား ရေပန်းစား လူကြိုက်များသော...

Windows 11 Pro 24H2 Free Download

Windows 11 Pro 24H2 Free Download

Windows 11 Pro 24H2 သည် Microsoft ၏ Windows Operating System များ၏ Latest Version ဖြစ်သည်။ Microsoft သည် 2021 ခုနှစ် ဇွန်လ 24 ရက်နေ့တွင် Windows-11 ကို Windows 10 ၏ ဆက်ခံသူအဖြစ် ကြေငြာခဲ့သည်။ ၎င်းကို အောက်တိုဘာလ ၅ ရက် ၂၀၂၁ ခုနှစ်တွင် တရားဝင်ထုတ်ဝေခဲ့ပြီး...

Subscribe To Our Newsletter

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!

Share This